MNP ၊ ဇွန် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီးဇွန်(၁၆)ရက်နေ့ နံနက်(၁၀)နာရီကသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က မိုးရာသီ တွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည့်နည်းလမ်းတွေကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျိုက်ထိုမြို့နယ်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူးဦးအောင်မျိူးဝင်းက သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊သွေးလွန်တုပ်ကွေးဂောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊မြို့နယ်တွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေများစသည်တို့ကိုအကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment