ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊    ဇွန်   ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ယနေ့ နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြည်သူများအနေဖြင့်အစားအသောက်များကို စနစ်တကျ စားသောက်တတ်စေရန်နှင့်  အစားအသောက်တွင်ပါဝင်သည့်အန္တရာယ်ရှိသည့်ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်စေရန် လိုက်နာရမည့်နည်းလမ်းများကိုပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဇင်သက် က ပြဌာန်းထားသည့်စာသုံးသူကာကွယ်ရေးဥပဒေများကိုလည်းကောင်း၊ ရည်ရွယ်ချက်များနှင့်လုပ်ငန်းတာဝန်များကိုလည်းကောင်း၊စားသုံးသူအခွင့်အ​ရေးများ၊စားသုံးသူ၏တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ကုန်စည်နှင့်စပ်လျဥ်းသည့် အာမခံချက်များ၊စီးပွားရေး လုပ်ငန်းရှင်များဝန်ဆောင်မှုလုပ်ငန်းနှင့် အာမခံချက်များတွင်ပါဝင်ရမည့်အချက်များကိုလည်းကောင်း၊ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စာသုံးသူဘက်မှတောင်းဆိုနိုင်သည့် အခွင့်အရေးများ စသည့်လိုက်နာရမည့်အချက်များကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)