ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ပြုလုပ်


MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရေးအတွက်  အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံး Community Center ခန်းမ တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင် နှင့် ဦးစီးအရာရှိ ဒေါ်အေးမြသန်းတို့က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရေး အတွက် ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များ ၊ မူးယစ်ဆေးဝါးအား ရှောင်ရှားသင့်ပုံများ ၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ ၊  မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းများ ၊ သက်ဆိုင်ရာမှ ထိထိ ရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ ၊ မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသားရေး အသွင်တိုက်ဖျက်ရေး နှင့်   မူးယစ်ဆေးဝါး ၏ ဆိုးကျိုး စသည့်တို့ကို အကျယ်တဝင့်  အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)