ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်




MNP ၊    ဇွန်   ၂၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့လည်( ၁၂း၀၀ ) နာရီကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမှတ်(၆၂)၊မူးယစ်တပ်ဖွဲ့စု၊သထုံမှ ဒုရဲမှူးတင်ကိုကိုကမူးယစ်ဆေးဝါး၏အဓိပ္ပါယ်များ ၊မူးယစ်ဆေးဝါးအမျိုးအစားများ ၊မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး သတင်းပေးခဲ့လျှင်အရေးယူဆောင်ရွက်သည့် လုပ်ငန်းများ၊မူးယစ်ဆေးဝါးသုံးစွဲမိလျှင်ခံစားရသောဆိုးကျိုးများ၊မူးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အလေးချိန်ပမာဏပေါ် မူတည်၍ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါးဖြတ်ချင်စိတ်ရှိသောသူများအား မူးယစ်ဆေးဝါးဖြတ်ရန်အတွက်မူးယစ်တပ်ဖွဲ့စုအနေဖြင့် ကူညီဆောင်ရွက်ပေးနေမှုများ၊မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်ပြည်သူအားလုံး အတူ တာဝန်ရှိသူများကဝိုင်းဝန်းကူညီ ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)