MNP ၊ ဇွန် ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ ၌ ယနေ့၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အ လွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အသိပ ညာပေး Talk Showအစီအစဥ်များအား ယနေ့ ေန့လည်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များ အားမူးယစ်ဆေးဝါးနှင့်ပတ် သက်သည့်သိရှိလိုက်နာသင့်သည့် အ ချက်အလက်များ၊ မူးယစ်ဆေးဝါးအန္တ ရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြင့်ဖြစ်ပေါ်လာမည့် နောက်ဆက် တွဲရလဒ်ဆိုးကျိုးများအကြောင်း၊အမျိုး သားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာမည့် ရောဂါလက္ခဏာများ၊မူးယစ်ဆေးသုံး စွဲခြင်း၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုးကျိုးများသုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအ ကြောင်းများကို ဟောပြောခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment