MNP ၊ ဇွန် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယနေ့နံနက်ပိုင်း၌ ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဆွေးနွေးပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဇင်မာအေးက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတို့အား ဆွေးနွေးပြောကြား ခဲ့ကြသည်။
ကော့ကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရေး ရည် ရွယ်၍ လစဉ်အသိပညာ Talkshow အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူ အသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment