Pages

Pages

ပေါင်မြို့နယ်တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်


MNP ၊    ဇွန်   ၂၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်   အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းက ယနေ့ဇွန်လ(၂၆)ရက်နေ့ တွင် ကျရောက်သည့်ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ( World Refrigeration Day ) ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ယခုနှစ် ၂၀၂၃ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့်   Generation Cooling : The Future is in our hands  ၏ ရည်ရွယ်ချက်၊ အအေးပေးနည်းပညာများ၏ အကျိုးပြုပုံများ၊အအေးပေးပစ္စည်းများနှင့် ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် ဆက်စပ်သက်ရောက်မှု၊အအေးပေးပစ္စည်းများ သုံးစွဲရာတွင် သတိပြုဆင်ခြင်ရမည့် အချက်များနှင့်အအေးပေးနည်းပညာကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြည်သူများသိရှိ၍ ကြိုတင်ကာကွယ်နိုင်စေရန် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား   အများပြည်သူများ သိရှိနားလည်စေရေးဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကိုပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိပြီးအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို လည်းလူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment