သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်




MNP ၊    ဇွန်   ၂၃

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံမှ ဒုရဲမှူး တင်ကိုကိုက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့်အကြောင်းရင်းများ၊ မူးယစ်ဆေး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုသိရှိပြီး ဖြတ်ချင်သူများအနေဖြင့် ဆောင်ရွက်ရမည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ရောင်းဝယ်ခြင်းတို့နှင့် ပတ်သတ်သည့် ပြစ်မှုပြစ်ဒဏ်များ၊  မူးယစ်ဆေးဝါးများကို အကျိုးပြုဆေးဝါးများ၌ ထည့်သွင်းအသုံးပြုနိုင်ပုံများ၊ မူးယစ်တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ပူး‌ပေါင်းကာကွယ်တားဆီးနိုင်ရေး ဆက်သွယ်သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များ စသည့် မူးယစ်ဆေး၏ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ စဉ်ဆက်မပြတ် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)