ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်




MNP ၊    ဇွန်   ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာလူထုကိုယ်တိုင်ပါဝင် ဦးဆောင်လုပ်ကိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့က ပွင့်ဖြူမြို့နယ်  ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။          


အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်ရာ၌ ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ မူဘောင်များနှင့် လုပ်ဆောင်ရမည့်အချက်များ၊ စီမံကိန်းကော်မတီဝင်များ ရွေးချယ်ရာ၌လိုက်နာရမည့်အချက်များနှင့် ကော်မတီဝင်များ၏ တာဝန်များ၊ ဌာနမှသတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အများသဘောဆန္ဒဖြင့် စီမံကိန်းကော်မတီဝင်(၇)ဦးစီ ရွေးချယ်ပေးခဲ့ကြသည်။


ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရကာ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာပေါင်း(၇)ရွာတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားရှိပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ငွေကျပ်သိန်း(၁၀၀)စီ ထောက်ပံ့၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။   


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)