မြန်အောင်ဘိုးဘွားရိပ်သာနှင့်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ် (Abate) ဆေး ခတ်ခြင်းများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်အောင်ဘိုးဘွားရိပ်သာနှင့်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ် (Abate) ဆေး ခတ်ခြင်းများဆောင်ရွက်

1

2

3


MNP ၊ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြန်အောင်ဘိုးဘွား ရိပ်သာနှင့်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ် (Abate) ဆေးခတ်ခြင်းများကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ခြင်ကြောင့်ဖြစ်ပွားနိုင်သောသွေးလွန်တုပ် ကွေးရောဂါ၊ ငှက်ဖျားရောဂါ အန္တရာယ်မှကင်းဝေးစေရန်မိုးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု မဖြစ် စေ ရန် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ရေပုံး၊ ရေအိုးများ၊ရေကန်များ၊ ပန်းအိုးများ ကို ဖုံး၊ သွန်၊ လဲ ၊ စစ်လုပ်ငန်းဆောင်ရွက်ပြီး ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအားအဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝ်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages