မန္တလေးဈေးကွက်တွင် မြေပဲ ဆီဆံမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ဈေးမြင့်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးဈေးကွက်တွင် မြေပဲ ဆီဆံမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ဈေးမြင့်လျက်ရှိ


MNP ၊ ဇူလိုင် ၁

မန္တလေး ပွဲစား ကုန်သည် စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ) ဈေးနှုန်းအနေဖြင့် လုံးဆံမှာ မိုးပဲစိုက်ထားချိန်ဖြစ်ခြင်း၊ ဆောင်းလက် ကျန်နည်းခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်မြေပဲလုံးဆံ ၁၀၀ ပိဿာလျှင် ၆၈၀၀၀၀ ကျပ် မှ ၆၈၅၀၀၀ ကျပ်သို့လည်းကောင်း၊ မြေပဲ ဆီဆံမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် ၆၂၀၀၀၀ ကျပ် မှ ၆၃၀၀၀၀ ကျပ်သို့ အသီးသီး ဈေးမြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် ယခုအပတ် လုပ်ငန်းသမား အဝယ်သာရှိပြီး တရုတ်ဝယ် လက်နည်းခြင်း ၊ နွေနှမ်း နှင့် မိုးနှမ်းကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၃၀၇၀၀၀ ကျပ် မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

နှမ်းနက်မှာ တရုတ်ဝယ်လက် ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းဝါလည်း ဝင်ရောက် လေ့ရှိပြီး ၄၅ ပိဿာ ၃၀၅၀၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။ ပန်းနှမ်းဈေးနှုန်းအနေဖြင့် ရောဆီအဖြစ်သုံးရန် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ် မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

နေကြာဈေးနှုန်းအနေဖြင့် အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၀၅၀၀၀ ကျပ် မှ ၁၁၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။


Source - MOALI

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)