ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင် စရိတ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင် စရိတ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ


MNP ၊   ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား / သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်အဆင့် တက်ရောက် နေသော ကျောင်းသား၊ ကျောင်းသူ ( ၁၆ ) ဦးအား ပညာသင် ထောက်ပံ့ငွေများ ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သော ကျောင်းသားမောင်ဘုန်းထက်အား ဂုဏ်ပြုချီးမြှင့်ငွေ၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ( ၇ )ဦးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလယ်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ( ၁၂ ) ဦး တို့အား ပညာသင်ထောက်ပံ့ငွေများ ၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ( ၃၂) ဦး တို့အား ကျောင်းသုံးစာရေးကိရိယာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ပညာသင်စရိတ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဝေယံ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)