ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၁၀)စုအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၁၀)စုအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်


MNP ၊ ဇူလိုင် ၂၅      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု (၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။


အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုမှုဖြစ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်မှုအန္တရာယ်မဖြစ်စေရေး ဒေသခံပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြစေလိုကြောင်းနှင့် သက်ဆိုင်ရာနယ်မြေအလိုက် ထူးခြားဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကာ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီတောင်းခံနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ဇူလိုင်(၂၁)ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးစပ်ခုံကျေးရွာ၊ ထူးကျေးရွာ၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်းကျေးရွာတို့မှ လူနေအိမ် (၁၀)လုံးအတွက် အိမ်ထောင်စုတစ်စုလျှင် ‌အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်ဦးရေ ၄၀ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၈၄၀၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၈၄၀၀၀ အား တာဝန်ရှိသုများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)