MNP ၊ ဇူလိုင် ၃
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကဏ္ဍမျိုးစုံတွင် ထူးချွန်စွာ ကြိုးပမ်းခဲ့ကြသူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ဧရာ ရွှေဝါခန်းမတို့၌ အသီးသီးပြုလုပ်ရာ တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီး ကြပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်များက အမှာစကားပြောကြားပြီး အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို Video Clip ဖြင့် ပြသသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူ များက ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့မှ သီဆို၊ ကပြ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကဏ္ဍပေါင်းစုံတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် အမျိုးသမီးများအား လည်းကောင်း၊ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့သည့် အဖွဲ့များအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူ များအားလည်းကောင်း၊ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အမျိုးသမီးများ၏ စွမ်းဆောင်မှု လက်မှုပညာပစ္စည်းပြခန်းများနှင့် ဓာတ်ပုံပြခန်း များအားလှည့်လည်ကြည်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကွန်ပျူတာ တက္ကသိုလ်ဝန်းအတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောင်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တက်ရောက်လာကြသူများက ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၈၁၀ ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment