ရွှေတောင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ဟော‌ ပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ဟော‌ ပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများဆောင်ရွက်





MNP ၊ ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကျောင်းသား / ကျောင်းသူ များအား အာဟာရဖွံ့ဖြိုးတိုးတက်‌ စေရန် အတွက် အသိပညာပေး ဟောပြောခြင်းနှင့် နွားနို့တိုက် ကျွေးခြင်းများကို လစဉ် ဆောင် ရွက်လျက်ရှိရာ အမက (မြောက်ပိုင်း) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်း ကကျောင်းသား / ကျောင်းသူ များအား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များ၊ နွားနို့ သောက်သုံးခြင်းဖြင့် အရိုးအဆစ်များကို သန်မာ‌ စေခြင်း၊ ဦး‌နှောက်ဉာဏ်ရည်များ ဖွံ့ဖြိုးမှုနှင့် ကိုယ်ကာယ ဖွံ့ဖြိုးမှုများ ရရှိစေခြင်း 

စသည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများက အဆိုပါ ကျောင်းရှိ ကျောင်းသား ၊ကျောင်းသူ( ၁၀၁) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင်ရွှေတောင်မြို့နယ်အတွင်းရှိအခြေခံပညာမူလတန်းကျောင်း( ၁၀) ကျောင်း ကို နို့ပိဿာချိန် ( ၁၅၀) ချိန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)