ဂွမြို့ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်နဲ့ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်နဲ့ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ







MNP ၊ ဇူလိုင် ၂၅      

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့  မွန်းလွဲ ၁နာရီခွဲက ဂွမြို့၊ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


 ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ် စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်က လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်းမှ Grade-9 ကျောင်းသား မောင်အောင်မြင့်မြတ်က လူငယ်နဲ့အောင်မြင်မှုအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-8 ကျောင်းသား မောင်သားပီတိက လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-9ကျောင်းသူ မနွယ်နွယ်ဖြိုးက လူငယ်နဲ့မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grare-8ကျောင်းသူ မငွေစင်သော်က လူငယ်နဲ့အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


ဆက်လက်၍ ရဟိုင်ကွင်း အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဇော်ထိုက်က လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်က မိုးရာသီအခြေခံတိုက်ကွမ်ဒို သင်တန်း ဂုဏ်ပြုမှတ်တမ်းလွှာကို သင်တန်းသားများကိုယ်စား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


    အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရဟိုင်ကွင်းအခြေခံပညာအလယ်တန်းကျောင်းဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၁၁၀)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။


 ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)