ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇူလိုင်  ၂၂

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန် ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်  ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စေတီယျရပ်ကွက်ရှိ စေတီယျတောင်၌ သာသနိက အဆောက်အဦများနှင့် ဘုရားစေတီများအနီး ပတ်ဝန်းကျင်နေရာများအား နယ်မြေခံ တပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး တိုင်းရင်းဆေး လုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေး မျိုးစုံအား ပေးဝေခဲ့ကြသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ မီးရထားဆိပ် ရပ်ကွက်ရှိ မြို့မနာရီစင်လမ်း တစ်လျှောက် လမ်းဘေး ဝဲ/ယာတို့၌ နယ်မြေခံ တပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ သွေးလွန်တုတ်ကွေး ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ကာ အသိ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် အမှတ်(၅) ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ သွေးလွန်တုတ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ တစ်အိမ်တက်ဆင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များအလိုက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတူပီတောင်တန်း သာသနာပြုဗဟို ကျောင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအား ဗလာစာအုပ်များ၊ စာရေး ကိရိယာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

အလားတူ တီးတိန်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကို သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအား ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးရုံး အစည်းအဝေး ခန်းမ၌ မြို့သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် နှင့်ပတ်သက်၍ ပြည်သူလူထုအား တွေ့ဆုံဆွေးနွေးပြီး သဘာဝဘေးအန္တရာယ် ထူထောင်ရေးအတွက် ထပ်မံခွဲဝေရရှိသော ဆန်အိတ်များအား ဒေသခံပြည်သူများ အတွက် ထုတ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပိုက်သည်ရပ်ကွက်ရှိ မြို့အဝင်လမ်း၌ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်၊ ချမ်းမြေ့နဒီ စာကြည့် တိုက်နှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းအတွက် သုတ၊ ရသ စာအုပ်/စာစောင်များအား ပေးအပ်ခဲ့သည်။

ထို့အတူ ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမှတ်(၆)ရပ်ကွက်ရှိ မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင်စေတီတော် အနီးပတ်ဝန်းကျင်နေရာများအား နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။ ယင်းနောက် မြို့ပေါ်(၆)ရပ်ကွက်ရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ၌ မိုးရာသီ ကာလအတွင်း ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေး ရောဂါနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတက်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)