MNP ၊ ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်(၂) နာရီက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။
အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အဖွင့်အမှာ စကားပြောကြားပြီး အာဇာနည်ခေါင်ဆောင်ကြီးများအား ဂုဏ်ပြုသည့်အနေဖြင့် “ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားတယ်ဆိုရင်” ခေါင်းစဉ်ဖြင့် အထက(၁)ကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်အိမွန်ကျော်က အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောသည်။
ထိုနောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြိတ်ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် အထက်တန်းကျောင်းအုပ်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment