ရွှေတောင် မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧက( ၅၈၁၆၃) ဧကအနက် ( ၂၅၅၃၈) ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရွှေတောင် မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧက( ၅၈၁၆၃) ဧကအနက် ( ၂၅၅၃၈) ဧက စိုက်ပျိုးပြီးစီး

11

12


MNP ၊ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧက( ၅၈၁၆၃) ဧကအနက် ( ၂၅၅၃၈) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ရွှေတောင် မြို့တွင် ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးသောစပါးမျိုးများမှာ ရက် ၉၀ စပါး ၊ ရတနာတိုး၊ အင်းမရဲဘော်စပါး ၊ နယူးဧရာစပါး၊မှော်ဘီစပါး ( ၂)နှင့် ကရင်မစပါးများစိုက်ပျိုးရာစုစုပေါင်း ၂၅၅၃၈ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။


စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများဖြန့်ဖြူးပေးခြင်း မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား ကွင်းထဲအရောက်အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကိုကို မင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages