လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်စဉ်က တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများ ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထို့အတူ စမ်းလေးကုန်းသုဿာန်မှာလည်း အမိုးလန်ပျက်စီး၊ မီးသင်္ဂြိုလ်စက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုသို့ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်မှာ ၃လခန့် ကြာမြင့်ပြီဖြစ်ပါသည်။ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများတွင် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
သို့သော် လယ်ဝေးမြို့နယ်တစ်နယ်လုံး အသုံးပြုနေသည့် စမ်းလေးကုန်းသုဿာန်အား ယနေ့တိုင် ပြင်ဆင်ဆောင်ရွက်ခြင်း မရှိသေးပါ။ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ခြင်းမျိုး မဟုတ်ဘဲ အမိုးလန်ပျက်စီး၊ မီးသင်္ဂြိုလ်စက် ခေါင်းတိုင် ပျက်စီးသည့် အခြေအနေကိုသာ မြင်တွေ့ရသည်ဖြစ်ရာ ပြင်ဆင်ဆောင်ရွက်ရန် ခက်ခဲ့သည့် အခြေအနေလည်း မဟုတ်ပါ။
ယခုအခါတွင် လယ်ဝေးမြို့နယ်အတွင်း နာရေးကိစ္စများ ဂူသွင်း၍ သင်္ဂြိုလ်နိုင်သူများအတွက် စမ်းလေးကုန်းသုဿာန်တွင် သင်္ဂြိုလ်နိုင်သော်လည်း ငွေကြေး မတတ်နိုင်၍ မီးသင်္ဂြိုလ်ရမည့် နာရေးကိစ္စများအတွက် ဂွေ့ကြီးသုဿာန်သို့ ဝေးလံစွာ သွားရောက် သဂြိုလ်နေကြရပါသည်။
လယ်ဝေးမြို့နယ် တစ်မြို့နယ်လုံး အသုံးပြုနေသည့် စမ်းလေးကုန်းသုဿာန် ပျက်စီးနေသည်မှာ ၃လခန့် ကြာမြင့်ပြီဖြစ်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သည်ကို ယနေ့တိုင် မတွေ့ရသည့်အတွက် ငွေကြေးမတတ်နိုင်သူများ နာရေးဖြစ်လျှင်ပင် အခက်အခဲ ရှိနေပါသဖြင့် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
#MyanmarNationalPost
No comments:
Post a Comment