သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

87


MNP ၊   ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး​စော​ပြည့်စုံဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် သဲကုန်းမြို့နယ်၊ ရွာမအုပ်စု၊ ရှားတောဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး​စော​ပြည့်စုံက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်​ငွေတိုးတက်မြင့်မား လာ​စေ​ရေးအတွက် အခက်အခဲများဖြေရှင်းပေးနိုင်ရန်နှင့် နည်းစနစ်များမျှဝေပေးနိုင်ရန်  ယခုလိုဆွေးနွေးပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိ​ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် ကျန်းမာ​ရေးဌာနမှ ဝန်ထမ်းအုပ်စုအတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆီးချိုသွေးချိုစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများဆောင်ရွက်ပေးခဲ့ပြီး တောင်သူ (၄၅)ဦး တက်ခဲ့ကြောင်းသိရသည်။


ကိုကျော် 

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages