စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံ


MNP ၊ ဇူလိုင် ၂

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးသို့ (၂) ကြိမ် လာရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံ့စီးပွားရေး အတွက် အထောက်အကူ ပြုစေမည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ပြီးလိုအပ်သည့် နည်းပညာနှင့် ရင်းနှီးငွေများအား ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ရန်၊ MSME မှ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့် (Value Added) ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန်၊ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီ အပါအဝင် ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် MSME လုပ်ငန်းများမှတ်ပုံတင်ခြင်းကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်၍ အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား လစဉ်လုပ်ငန်းကော်မတီသို့ အစီရင်ခံတင်ပြရန်နှင့် လုပ်ငန်းကော်မတီမှ ဗဟိုကော်မတီသို့ စုစည်းသုံးသပ် တင်ပြအစီရင်ခံသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုနှင့်အညီ ဗဟို MSME အေဂျင်စီနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ရန်နှင့်  စက်မှု ဝန်ကြီးဌာနအနေဖြင့်  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ဒေသဆိုင်ရာအေဂျင်စီများ၏ စုပေါင်းအားနှင့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် MSME Web Portal ဆိုင်ရာကိစ္စရပ်များ၊ ချေးငွေ ရရှိရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီကဲ့သို့ မူဝါဒချမှတ်ပေးသည့်အဖွဲ့အစည်းများနှင့် အဆိုပါမူဝါဒများကို လက်တွေ့အကောင်အထည် ဖော်နေသည့် ဒေသဆိုင်ရာအေဂျင်စီများအကြား တွေ့ဆုံဆွေးနွေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှသာ MSME ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရလဒ်ကောင်း များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့်ပေါင်းစပ်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)