Pages

Pages

အမ်းမြို့နယ်၌ မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ





MNP ၊   ဇူလိုင် ၃

        ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သောမြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာ သီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈:၀၀) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးသစ်)၌ ကျင်း ပပြုလုပ်ခဲ့သည်။


 အဆိုပါ မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ခရိုင်အမျိးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဒေသအတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူ များမှ သစ်ပင်သစ်တောများကို ပိုမိုချစ် ခင်​မြတ်နိုးတန်းဖိုးထားတတ် လာစေရေး ရည်ရွယ်၍ သက်တမ်းရင့် အမြင့်(၂)ပေ အထက် မန်ဂျန်ရှား(၁၁၀)ပင်၊ ပိတောက် (၂၅)ပင်၊ ခရေ(၂၅)ပင်၊ ရေတမာ(၂၅) ပင်၊ ကံ့ကော်(၂၅)ပင်၊ စုစုပေါင်း (၂၁၀) ပင်တို့ကို ခရိုင်၊မြို့နယ်၊ရပ်ကွက်အသင်းပူးပေါင်း၍  စိုက်ပျိုးခဲ့ကြောင်း သိရသည်။


    မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မြင့် နှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုး သမီးရေးရာ ခေတ္တဥက္ကဌ ဒေါ်ခင်သန့်ထွေးနှင့် အသင်းဝင်များ၊ မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍  စိုက်ပျိုးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment