မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှု စစ်ဆေး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှု စစ်ဆေး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြား





MNP ၊   ဇူလိုင် ၃

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူ များသည် ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်က မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိ နေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။  


မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိနေသော မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ် (၁၀၂၇) အိတ်ကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)