ဂွမြို့နယ်၌ "စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဂွမြို့နယ်၌ "စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

95

96

97

98


MNP ၊ ဇူလိုင် ၂၁

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။


ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က  "နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်ထံသို့ စာအုပ်များအားနည်းလမ်း(၃)မျိုးဖြင့် ငှားရမ်းခြင်းအား သိရှိစေလိုကြောင်းနှင့် ကလေးစာဖတ်ခန်း၏ သဘောသဘာဝများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက အချိန်ပိုင်းစနစ်ဖြင့် ငှားရမ်းခြင်း လုပ်ငန်းအား လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က အလှည့်ကျလက်ဆင့်ကမ်း စနစ်ဖြင့် ငှားရမ်းခြင်းကို လည်းကောင်း၊ ရုံးအကူ ဒေါ်မေမြတ်ချိုက အချိန်ပိုင်း/ လက်ဆင့်ကမ်း နှစ်မျိုးလုံး အသုံးပြုသည့် စနစ်ဖြင့် ငှားရမ်းခြင်း အကြောင်းကို လည်းကောင်း၊ ယာယီနေ့စား ဒေါ်မျိုးမီမီသက်က ကလေးစာဖတ်ခန်း သဘောသဘာဝ အကြောင်းကို လည်းကောင်း တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို ဦးစီးအရာရှိက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ 


ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages