ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဗန်းမော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဗန်းမော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊ ဇူလိုင် ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇူလိုင် ၁ ရက် နံနက် ၇ နာရီမှစတင်၍ ညောင်ပင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၅၀)ဦးခန့်တို့က အဆိုပါကျောင်းဝင်းအတွင်း၌ ခြုံနွယ်အမှိုက်သရိုက်မြက်ပင်များ ရှင်းလင်းပေးခြင်း၊ တံမြက်စည်းလှဲ သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)