Pages

Pages

ငရုတ်ကောင်းမြို့၌ ပြည်သူများအတွက် ကြက်ဥနှင့် ဝက်သားများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး


MNP ၊   ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥနှင့် ဝက်သားများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၌ ရောင်းချပေးခဲ့ကြသည်။


အခြေခံစားသောက်ကုန်ရောင်းချပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မြို့ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ဦးထွန်းလင်းထက်၊ မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးမှ ခွဲရုံမှူး ဦးအေးချမ်းစိုး၊ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတို့က ပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်း၊ ဝက်သား(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment