ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်များဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက နေ့ညမပြတ်ကြိုးပမ်း တည်ဆောက်ပူဇော်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်များဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက နေ့ညမပြတ်ကြိုးပမ်း တည်ဆောက်ပူဇော်လျက်ရှိ







MNP ၊ ဇူလိုင် ၁

ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်များဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက နေ့ညမပြတ်ကြိုးပမ်း တည်ဆောက်ပူဇော်လျက်ရှိရာ ၂၀၂၀ ဇွန်လ ၁၄ ရက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည့်နေ့မှ ယမန်နေ့အထိ ၃ နှစ်နှင့် ၁၆ ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။


ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ် တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေရန်၊ နိုင်ငံတော် ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ် ချက်(၄)ရပ်ဖြင့်တည်ဆောက်ပူဇော်နေခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ သာသနကအဆောက်အဦများကိုလည်း နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ ထည့်သွင်းတည်ဆောက်လျက်ရှိ သည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်မှုမှာ ယနေ့တွင် ရက် ပေါင်း (၁၁၁၁)ရက် ၃ နှစ်နှင့် ၁၆ ရက်တိတိရှိပြီဖြစ်ပြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုကို ကြည် ညို သဒ္ဒါများပွားနိုင်စေရေး ယနေ့တွင် ဖူးမြော်ရသည့် ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော်အတွင်းမှ သာသနိကအဆောက်အဦများ၏ မြင်ကွင်းများကို နိုင်ငံတစ် ဝန်းလုံးရှိ ရဟန်းရှင်လူ မိဘပြည်သူများ ဖူးမြော်ကြည်ညို သဒ္ဒါများပွား နိုင်စေရေး ယခုကဲ့သို့ ဖော်ပြလိုက်ရပါသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး တည်ဆောက်နေမှုအားရာနှုန်းပြည့် ပြီးစီး နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)