မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၁၆)နှစ်အောက် မိုးရာသီဘောလုံး အားကစား ပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၁၆)နှစ်အောက် မိုးရာသီဘောလုံး အားကစား ပြိုင်ပွဲများကျင်းပ


MNP ၊ ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အသက် ၁၆နှစ်အောက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီမှစတင်၍ သက်ဆိုင်ရာအုပ်စုကျောင်းများ အလိုက် ပြိုင်ပွဲများ စတင်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို အုပ်စု(၂)အုပ်စုဖြင့်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စု(က) တွင် အ.ထ.က မချမ်းဘောအသင်း၊ အ.လ.က မြို့မအသင်းနှင့် အ.လ.က အလန်ဂါးအသင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စု(ခ)တွင် အ.ထ.က ထရန်ဒမ်းအသင်း၊ အ.ထ.က(ခွဲ)နမ်ခမ်အသင်း၊ မူလွန်နမ်ဘူယန်အသင်းတို့ ပါဝင်ယှဥ်ပြိုင် ကစားသွားမည်ဖြစ်ကာ အုပ်စုပွဲစဥ်များကို ဇူလိုင် ၂၀ရက်မှ ဇူလိုင် ၂၄ရက်ထိ ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့နောက် အုပ်စုပွဲစဥ်အနိုင်ရအသင်းများ၏ ဗိုလ်လုပွဲစဥ်ကို ဇူလိုင်လ (၂၈)ရက်နေ့တွင် မချမ်းဘောအခြေခံပညာအထက်တန်း ကျောင်း ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ယောရွှေနီ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)