ကျိုက်လတ်၌ ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေး



MNP ၊   ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က  အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူလင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေများ၊ ပုံစံ(၁၁)နှင့် ပုံစံ-(၇)ဆိုင်ရာ အချက်အလက်များ၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ရရှိသူများမှ လိုက်နာရမည့် စည်းကမ်းများ အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ လယ်ယာမြေလုပ်ကိုင်ခွင့်၊ အမည်ပြောင်းလဲခြင်းများနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရီရီမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)