MNP ၊ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်သစ်သော့သီးများ စျေးကောင်းရ၍ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ဝိန်းရပ်ကွက်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဒေါ်နန်းနွန်းထံမှ သိရသည်။
မိုင်းခုတ်မြို့တွင် သစ်သော့သီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြခြင်းမရှိသော်လည်း မိမိ၏နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဒေသထွက်သစ်သော့သီးများသည် အရသာထူးကဲကာ အလွန်ချိုကြောင်း ကြိုက်နှစ်သက်သူများပြားကြကြောင်းနှင့် တစ်ကီလိုလျှင်(၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
အဆိုပါ သစ်သော့သီးပင်များသည် စိုက်ပျိုးပြီး ငါးနှစ်ခန့်အကြာတွင် စတင်အသီးသီးကြောင်းနှင့် နှစ်စဥ်ဇူလိုင်လဆန်းတွင် ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
သီတာအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment