မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိ သူများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အ.ထ.က(၂) စာသင်ကျောင်း ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိ သူများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အ.ထ.က(၂) စာသင်ကျောင်း ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ကြည့်ရှုအားပေး





MNP ၊   ဇူလိုင် ၁

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိ သူများသည် ယနေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က-၂ စာသင်ကျောင်း၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာ သို့ လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  မြောက်ဦးမြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိသူများသည် အ.ထ.က-၂ မြောက်ဦးမှ ကျောင်းအုပ်ဆရာကြီး နှင့်ကျောင်းကော်မတီ ဝင်များကို တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝင်း အတွင်း သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပြီး ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးပြုလုပ်နေသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များမှ တပ်မတော်သားများနှင့် မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)