ကလိန်အောင်မြို့၌ ဈေးကွက်ဝင် နဂါးမောက်သီး စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကလိန်အောင်မြို့၌ ဈေးကွက်ဝင် နဂါးမောက်သီး စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

92

93


MNP ၊ ဇူလိုင် ၂၅      

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် ဈေးကွက်ဝင်သီးနှံတစ်မျိုး နဂါးမောက်သီးပင်များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။


အဆိုပါ နဂါးမောက်သီးပင်အကိုင်များကို တစ်ကိုင်ကို ငွေ ၁၅၀၀ ကျပ်ဖြင့် မှာယူ၍ သဘာဝ မြေဩဇာများဖြင့် ထည့်သွင်းပြီး စမ်းသပ်စိုက်ပျိုးကာ အောင်မြင်ပြီး အသီးများ စတင်ခူးဆွတ်ရောင်းရောင်းချနေရကြောင်း သိရသည်။


" အခုကျနော် စိုက်ပျိုးထာတာက နဂါးမောက်သီးခရမ်း‌ရောင်မျိုးပါ၊ တစ်ပိုင်တနိုင်လောက်ပဲ စမ်းသပ်ပြီးတော့ ခြံအပြင်ဘက် လမ်းဘေးမှာ စတင်စိုက်ပျိုးထားပါတယ်၊ နဂါးမောက်သီးပင်က ဥယျဉ်ခြံကြားတွေမှာ ကြားညှပ်ပြီး စိုက်ပျိုးလို့မရဘူး၊ သူအပင်က နေရောင်ခြည်ထိတွေမှုကို ပိုကြိုက်တယ်၊ အကိုင်စတင်စိုက်ပျိုးပြီး တစ်နှစ်ကျော်လောက်ဆိုရင် အပင်ဖြာထွက်ပြီး အပွင့်များ ထွက်လာပြီး ဇွန်၊ ဇူလိုင်လမှာ အသီးများကို  စတင်ခူးဆွတ်ပြီး ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချပြီး " ဟု ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူ ဦးသန်းဝင်က ပြောသည်။


လက်ရှိ နဂါးမောက်သီးဈေးမှာ အလုံးအရွယ်အစားလိုက် တစ်လုံးကို ငွေ ၁၀၀၀၊ ၁၅၀၀ ကျပ်အထိ ဈေးရရှိပြီး ကလိန်အောင်မြို့ဈေးနှင့် လာရောက်ဝယ်ယူသူများကို ရောင်းချရကြောင်း သိရသည်။


အခုမှစပြီးတော့ နဂါးမောက်သီးအပင်ကို နည်းနည်းပါးပါးပဲ စမ်းသပ်စိုက်ပျိုးတော့ တခြားမြို့ကြီးတွေကို တင်ပို့ရောင်းချမှု မရှိသေးပါ ဟု ၎င်းကဆက်လက်ပြောသည်။


ကလိန်အောင်မြို့တွင် စိုက်ပျိုးတောင်သူများသည် ဈေးကွက်ဝင် သစ်နှံပင်များဖြစ်သည့် သံပုရာသီး၊ ဒူရင်းသီး၊ ကြက်မောက်သီး၊ ကွမ်းသီးပင် စသည့်အပင်များကို စိုက်ပျိုးကြပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေရကြောင်း သိရသည်။


ခင်ခင်လဲ့

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages