MNP ၊ ဇူလိုင် ၂
ကိုလံဘီယာလေတပ်မှ T-27 Tucano လေယာဉ်နှစ်စင်းသည် တနင်္ဂနွေနေ့က Apiay လေတပ်စခန်းအနီး လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း ဝေဟင်တွင် တိုက်မိခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
လေတပ်မှ ထုတ်ပြန်သော ကြေငြာချက်အရ လေယာဉ်မှူး ဒုဗိုလ်မှူးကြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးရေးကော်မရှင်ကို စေလွှတ်ထားကြောင်း သိရသည်။
ဆိုရှယ်မီဒီယာတွင် အခင်းဖြစ်ပွားချိန်က ရုပ်သံမှတ်တမ်း ပျံ့နှံ့လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment