MNP ၊ ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉:၃၀)အချိန်က ကျင်းပပြုလုပ်ရာ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြခင်နှင့် ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ နည်းပြသရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာမြမြခင်မှ အဖွင့်အမှာ စကားပြောကြားပေးပြီး မြန်မာစာဌာနမှ ပါမောက္ခ ဌာနမှူးဒေါက်တာမိုးမိုးစောမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်(၉)ဦးတို့၏ အတ္တုပ္ပတ္တိ အကြောင်းအရာများကို ဟောပြောပေးခဲ့သည်။
ဆက်လက်၍ ဟောပြောပေးပါသော မြန်မာစာဌာနမှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာမိုးမိုးစောအား ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာမြမြခင်မှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာမြမြခင်မှ ဆု အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကျော်စိန်သန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment