ပြင်သစ်မှာ ဖြစ်နေတဲ့ အဓိကရုဏ်းတွေရဲ့ တရားခံက ဘယ်သူလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်သစ်မှာ ဖြစ်နေတဲ့ အဓိကရုဏ်းတွေရဲ့ တရားခံက ဘယ်သူလဲ



ပြင်သစ်မှာ အဓိကရုန်းတွေ ဖြစ်ပေါ်နေပါတယ်။ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ပြီး နောက်ပိုင်းမှာ ဆန္ဒပြမှုတွေ အရှိန်အဟုန်မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်းမှာ နီပိန်းတွေက သူတို့ထောက်ခံတဲ့ ပါတီ အာဏာလက်မဲ့ဖြစ်ပြီး ဆူပူဆန္ဒပြစဉ်မှာ လမ်းတွေပိတ်၊ ကားတွေကို မီးရှို့ဖျက်ဆီးကြသလိုပဲ ပြင်သစ်နိုင်ငံအတွင်းမှာလည်း ဖြစ်ပေါ်နေပါတယ်။

စိတ်မကောင်းဖြစ်မိပေမယ့် တူသောအကျိုးပေးတာကိုတော့ တားမရနိုင်ဘူးလေ။ မြန်မာနိုင်ငံအတွင်းမှာ နီပိန်းတွေ ဆူပူအကြမ်းဖက်လာတာကို ပြင်သစ်ကလည်း ထောက်ခံအားပေးပြီး တစ်ဖက်သတ်ရပ်တည်ပေးခဲ့တာကို သိကြမှာပါနော်။

RT သတင်းတစ်ပုဒ်မှာတော့ ပြင်သစ်မှာ လူငယ်တွေ အခုလို အဓိကရုဏ်းတွေ ဖန်တီနေတာနဲ့ ပတ်သက်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ဒါဟာ ကွန်ပျူတာဂိမ်းတွေကို အတုခိုးပြီး လုပ်နေကြတာလို့ ပြစ်တင်ပြောဆိုလိုက်တာကို တွေ့ရပါတယ်။ လူငယ်များဟာ အတုယူမှားပြီး မှိုင်းမိနေခြင်းဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ရဲတပ်ဖွဲ့၏လက်ချက်ဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မကြုံစဖူးနှင့် ပျံ့နှံ့နေသည့် မငြိမ်မသက်မှုများကြားတွင် လူမှုမီဒီယာပလက်ဖောင်းများနှင့် ဗီဒီယိုဂိမ်းများက နိုင်ငံတစ်ဝှမ်းတွင် အဓိကရုဏ်းများကို မီးထိုးပေးခဲ့ကြောင်း ပြင်သစ်သမ္မတက ပြောကြားခဲ့ပါသေးတယ်။


သောကြာနေ့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်လုံခြုံရေးအစည်းအဝေးအပြီးတွင် ပြောကြားရာတွင် သုံးရက်ဆက်တိုက် ဖမ်းဆီးခံရသူများ၏ သုံးပုံတစ်ပုံခန့်သည် အလွန်ငယ်ရွယ်သူတွေ ဖြစ်ကြောင်း၊ အင်တာနက်သည် ကလေးများနှင့် ဆယ်ကျော်သက်များအပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှုရှိသည်ဟု မက်ခရွန်က မှတ်ချက်ပြုခဲ့ပါတယ်။


မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးလုပ်စားသူများက လူငယ်တွေကို အခုလိုနည်းနဲ့ပဲ လမ်းပေါ်တွန်းတင်၊ အကြမ်းဖက်လမ်းစဉ်ပေါ် စွဲခေါ်သွားခဲ့ကြတယ် မဟုတ်လား။ ပြင်သစ်မှာလည်း အတိုက်အခံအုပ်စုက အကြမ်းဖက်မှုတွေဆီ ဦးတည်တဲ့ နိုင်ငံရေးပဋိပက္ခဖန်တီးဖို့ တာဆူနေသလား ဆိုတာပါပဲ။


“လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခများမှာ ဆိုရှယ်ပလက်ဖောင်းတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု မငြိမ်သက်မှုများနှင့်ပတ်သက်၍ ၎င်းက ပြောကြားခဲ့သည်။ လူငယ်များသည် သူတို့ရူးသွပ်နေသော ဗွီဒီယိုဂိမ်းများကို အတုယူပြီး အကြမ်းဖက်မှုများကို ကိုလုပ်ဆောင်ရန်လမ်းပေါ်ထွက်နေကြတဲ့အပေါ်မှာ ကလေးများကို အိမ်တွင်ထားရန် မိဘများကို ဆက်လက်တိုက်တွန်းကြောင်း သမ္မတကပြောကြားခဲ့ပါတယ်။


သူတို့နိုင်ငံမှာ အခုလို အရေးအခင်းတွေ ဖြစ်လာပြီဆိုတော့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gerald Darmanin က အစိုးရသည် အကြမ်းဖက်မှုများနှင့် အဓိကရုဏ်းများကို ဂုဏ်ပြုသည့် အကြောင်းအရာများကို လက်ခံခြင်းမပြုရန် လူမှုမီဒီယာ ဆိုက်များကို သတိပေးထားကြောင်း ပြောကြားခဲ့ပါတယ်။ “လူမှုကွန်ရက်တွေဟာ ဘယ်သူပဲဖြစ်နေဖြစ်နေ ဥပဒေမလိုက်နာဘူးဆိုတာ သိလာပြီဆိုရင် လိုအပ်တဲ့ အရေးယူမှုတွေ အားလုံးကို ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။” 


ပါရီမြို့ ဆင်ခြေဖုံးရပ်ကွက် Nanterre တွင် အင်္ဂါနေ့ညတွင် ရဲအရာရှိတစ်ဦးမှ အသက် ၁၇ နှစ်အရွယ် ပီဇာပို့ဆောင်သည့်ယာဉ်မောင်း Nahel M. ကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် အဓိကရုဏ်းများဖြစ်ပွားခဲ့တာပါ။ ဆယ်ကျော်သက်၏ မိခင်က “လက်စားချေရန်” တောင်းဆိုခဲ့ပြီးနောက် အဆိုပါအရာရှိအား လူသတ်မှုဖြင့် လျင်မြန်စွာ ထောင်ဒဏ်ချမှတ်ခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ဖြစ်ပါတယ်။ 


ယခုအခါမှာ မငြိမ်မသက်မှုများနှင့် လုယက်မှုများသည် ရက်သတ္တပတ်များအတွင်း ပိုမိုပြင်းထန်လာကာ မြေထဲပင်လယ်ဆိပ်ကမ်း Marseille အပါအဝင် အခြားမြို့ကြီးများသို့ ပျံ့နှံ့သွားကာ ဆူပူအကြမ်းဖက်သမားများက သေနတ်စတိုးဆိုင်တစ်ခုကို ဝင်ရောက် လုယူခဲ့ကြောင်း သိရပါတယ်။ ရဲစခန်းအများအပြားလည်း တိုက်ခိုက်ခံခဲ့ရကြောင်း လူမှုမီဒီယာမှာ ဖော်ပြလာကြပါတယ်။ ယခုအချိန်အထိ လူပေါင်း ၉၁၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး Darmanin က သောကြာနေ့တွင် ပြောကြားခဲ့ပြီး ၎င်းတို့၏ ပျမ်းမျှအသက်မှာ ၁၇ နှစ်သာရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။


လူငယ်တွေဟာ နိုင်ငံရေးလုပ်စားလိုသူတွေအတွက် အသုံးချလို့ အကောင်းဆုံး ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေဟာလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသော ပြည်ပသြဇာခံ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ က ဒီနည်းအတိုင်းပဲ လုပ်ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို အခင်းအကျင်းမျိုးတွေ ဖန်တီးဖို့ အမေရိကန်လို နိုင်ငံမှာ သုတေသန လုပ်နေတာတွေ ရှိသလို ကျမ်းပြုထားတာတွေလည်း ရှိပါတယ်။ သူတို့တိုင်းပြည်မှာတော့ ဒါမျိုးတွေကို မစမ်းသပ်ပါဘူး။ မြန်မာပြည်ဟာ စမ်းသပ်ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့တာပါပဲ။ ဒီလိုဖြစ်စဉ်တွေကို နှိုင်းယှဉ်တွက်ဆပြီး ကာကွယ်တားဆီးမယ့် နည်းလမ်းတွေကို ရှာဖွေကြရပါတယ်။ သမရိုးကျ မဟုတ်တဲ့ ဖြစ်စဉ်တွေကို သမရိုးကျ နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ မြန်မာပြည်မှာ ရှည်ကြာနေတဲ့ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ 


ပြင်သစ်မှာလည်း ရက်သတ္တပတ်ကျော် ကြာလာမြင့်လာတဲ့အချိန်မှာ ဆူပူဆန္ဒပြမှုမှသည် အကြမ်းဖက်လမ်းစဉ်ကို စတင်ဖော်ဆောင်လာကြပြီ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)