Pages

Pages

ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲ အခမ်းအနားကျင်းပ



MNP ၊   ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊  ကံမမြို့၊   မြိုနယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက  ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း နှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားအား နမောတဿ(၃)ကြိမ်  ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ မကွေးတိုင်းဒေသကြီး သံဃနာယကဥက္က (မူလဒွါရ) တောင်စကိုင်း ကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးတင်အောင်ဝင်းက  စက်ရေတွင်းလှူဒါန်းမှု ဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စက်ရေတွင်းအလှူရှင်များ၏ ကိုယ်စားအလှူရှင်တစ်ဦးက  လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝေလင်းဗိုလ်က ကျေးဇူးတင် စကားပြောကြားခဲ့သည်။             


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒထံမှ ဩဝါဒကထာအား နာယူကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်  ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ ကြောင်း သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment