ငါးသိုင်းချောင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ


MNP ၊ ဇူလိုင် ၂၄      

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းဝေးနှင့် ၂၀၂၂-စ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဇူလိုင်လ (၂၂) ရက်နေ့ နေ့လည်(၁၂)နာရီ (၃၀)မိနစ်အချိန်က ငါးသိုင်းချောင်းမြို့ (အ-ထ-က )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ ဆုချီးမြှင့်ပွဲတွင် ရေကြည်မြိုနယ်၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့သည်။ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၆)ဘာသာဂုဏ်ထူးဖြင့် ၂ဦး၊ ၅ ဘာသာဂုဏ်ထူးဖြင့် ၅ ဦး၊ ၃ဘာသာ ဂုဏ်ထူးဖြင့် ၇ ဦး၊ ၂ဘာသာ ဂုဏ်ထူးဖြင့် ၉ ဦး၊ ၁ ဘာသာဂုဏ်ထူးဖြင့် ၁၅ ဦး၊ စုစုပေါင်း ၃၈ ဦးတို့အား မြို့နယ်ပညာရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘဆရာအသင်းမှ အဖွဲ့ဝင်များမှ ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တိုင်းအဆင့် လူရည်ချွန်ဆုရရှိသော မောင်ထက်ပိုင်ဦးနှင့် ပညာသင်နှစ်အတွင်း ခွင့်ပျက်ကွက်ရက်မရှိသည့် ဆရာ၊ ဆရာမများ ဆုချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)