MNP ၊ ဇူလိုင် ၂
ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin က စနေနေ့မှ တနင်္ဂနွေနေ့အထိ ညဘက်တွင် ဆူပူအကြမ်းဖက်သူ ၄၂၇ ဦးကို ရဲများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
“ညနေပိုင်းကတည်းက ရဲတပ်ဖွဲ့ဝင်တွေက ၄၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲတွေရဲ့ ပြတ်ပြတ်သားသား အရေးယူမှုတွေကြောင့် ညက ပိုငြိမ်သက်သွားတယ်” ဟု ဝန်ကြီးက သူ၏ Twitter ၌ ရေးသားခဲ့သည်။
မနေ့ညကကဲ့သို့ ရဲအရာရှိ လေးသောင်းငါးထောင်ခန့် တာဝန်ကျမည်ဟု Darmanin က အစောပိုင်းတွင် ပြောကြားခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment