ရမ်းဗြဲမြို့နယ်၌ ရုံးခြံဝင်း သန့်ရှင်းသာယာလှပရေးအတွက် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရမ်းဗြဲမြို့နယ်၌ ရုံးခြံဝင်း သန့်ရှင်းသာယာလှပရေးအတွက် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

123


MNP ၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးရှိ ဝန်ထမ်းများက ရုံးခြံဝင်း သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့ ညနေ(၃)နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ပြုလုပ်ဆောင်ရွက်ရခြင်းမှာ မိမိတို့ရုံးဌာနသည် ရမ်းဗြဲမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ပြည်သူလူထုများနှင့် နေ့စဉ်ထိတွေ့နေရခြင်း၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသူများ နေ့စဉ်လာရောက်မှုရှိခြင်းတို့ကြောင့်  ရုံးဥပဓိရုပ်ကောင်းမွန်ရန်လိုအပ်ခြင်းနှင့်  ရုံးသန့်ရှင်းသာယာလှပရေးအတွက် လည်းကောင်း၊ မိုးရာသီကာလတွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ရေမြောင်းများ၊ ရေအိုင်များတွင် ခြင်များ ခိုအောင်းပေါက်ပွားမှု မရှိစေရန်နှင့် ရုံးခြံဝင်း သန့်ရှင်းသာယာလှပရေး

အတွက် ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အောင်တင်ကြည်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages