MNP ၊ ဇူလိုင် ၂၅
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင် များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သိမ်ကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ ထံ သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူ ဒါန်းကြသည်။
ယင်းနောက် သိမ်ကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် မှ မိုခါမုန်တိုင်း ဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် လျှောက်ထားခဲ့ကြောင်း သတင်း ရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment