ကသာမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကသာမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်




128


MNP ၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်က အဆိုပါ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာမာလွင်က အဖွင့်အမှာစကား ပြောကြား၍ ကသာမြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မြင့်က မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များနှင့် မူးယစ် ဆေးဝါးအမျိုးအစားများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ကသာမြို့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးသိန်းထိုက်စိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကသာခရိုင် မူးယစ်တပ်ဖွဲ့စု(၆)မှ ဒုရဲမှူး ကျော်နိုင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး၏ရလဒ်များ၊ စိတ်ပိုင်း ဆိုင်ရာလက္ခဏာများ၊ မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး ကင်းစင်ပြီး လူမှုအသိုက်အဝန်း ဖြစ်ပေါ်စေရေး စသည့်အကြောင်းအရာတို့ကို အသီးသီး ဟောပြော ခဲ့ကြသည်။


ဆက်လက်၍ ကသာမြိုနယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဘမောင်က မူးယစ် အစ ဆေးလိပ်က ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို ကသာမြို့ ယာဉ်ထိန်းတပ်ဖွဲ့စုနှင့် ကသာမြို့မူးယစ် တပ်ဖွဲ့စု(၆)တို့မှ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


ကျော်စွာ

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages