မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့်၊ စိုက်ပျိုး‌ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်း‌ ဆောင်ရွက်မည့်သူများနှင့် တောင်သူများအား တွေ့ဆုံဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့်၊ စိုက်ပျိုး‌ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်း‌ ဆောင်ရွက်မည့်သူများနှင့် တောင်သူများအား တွေ့ဆုံဆွေးနွေး

81

82


MNP ၊ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်/ကျေးရွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များ၊ ချေးငွေထုတ်ချေးမည့် အသေးစားစက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည့်သူများ၊ တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေရရှိရေးအတွက် ချေးငွေများ ထုတ်ချေးပေးမည် အစီအမံများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှု‌ ကော်မတီအဖွဲ့ဝင်များက၊ အ‌သေးစား စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် ချေးငွေများထုတ်ချေးပေးမည့် အစီအမံများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသည့် တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့‌နောက် အသေးစားစက်မှုလက်မှု လုပ်ငန်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့်သူများအား ချေးငွေထုတ်ချေးပေးနိုင်ရေးစာချုပ်များ ချုပ်ဆိုခဲ့သည်။


မင်းလှမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အ‌သေးစားစက်မှုလက်မှုလုပ်ငန်း(၂)ဖွဲ့အတွက် ချေးငွေကျပ်သန်း(၆၀)၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းဆောင်ရွက်မည့်အဖွဲ့ (၁၅)ဖွဲ့အတွက် ချေးငွေ(၁၁၈.၃၅)ကျပ်သန်း ထုတ်ချေးပေးမည်ဖြစ်ရာ အဆိုပါချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇာဇာ

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages