ကျောက်ဆည်မြို့၌ အခြေခံပညာကျောင်းများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ အခြေခံပညာကျောင်းများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆက်လက်ဆောင်ရွက်





MNP ၊ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက်(၈)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


နှာခေါင်းစည်းများ ဖြန့်ဝေရာတွင် မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေရာ စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်းပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၉၄၆)ဦးအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်း(၁၂၉)ကျောင်း၊ အခြေခံပညာမူလတန်းလွန် (၂၆) ကျောင်း၊ အခြေခံပညာအလယ်တန်းခွဲ(၉)ကျောင်း၊ အခြေခံပညာအလယ်တန်း(၂)ကျောင်း၊ အခြေခံပညာအထက်တန်းခွဲ(၉)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် နှာခေါင်းစဉ်များ အခမဲ့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)