ဖြူးမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် အဋ္ဌမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် အဋ္ဌမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲပြုလုပ်


MNP ၊ ဇူလိုင် ၂၉   

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စာရေးဆရာအသင်းမှ အသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် မြို့နယ်စာရေးဆရာအသင်းမှ သက်ကြီးပုဂ္ဂိုလ်များအား အဋ္ဌမအကြိမ်မြောက် သက်ကြီး ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဖြူးမြို့နယ်စာရေးဆရာအသင်းမှ သက်ကြီးပုဂ္ဂိုလ်များအား အဌမအကြိမ်မြောက် သက်ကြီးပူဇော်ခြင်းကို ပြုလုပ်ရာသက်ကြီးပုဂ္ဂိုလ်များဖြစ်သော ဦးမြင့်ဦး(ဖြူးမြင့်ဦး)နှင့် ဦးတင်လှိုင်(တင်မိုးလှိုင်ကညွတ်ကွင်း)၊ ဦးဖြူဝင်(တမာသင်းခိုင်-စက်မှုလယ်ယာ)နှင့် ရိုးမငှက်ခါး တို့အား ဖြူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂါဝရပြု ငွေ(၃၀၀၀၀)ကျပ်စီဖြင့် ပူဇော်ကန်တော့ကြပြီး မြို့နယ်စာရေးဆရာအသင်းသားများ သက်သာချောင်ချိရေးအတွက် အသင်းပိုင်ငွေဖြင့် တစ်ဦးလျှင်(၁၀၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဖြူးမြို့နယ်စာရေးဆရာအသင်း(၂၀၂၂-၂၀၂၃)နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပရာ ဖြူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း(ကျော်ဆွေဝင်း-ရွှေအင်း)က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာအား အတွင်းရေးမှူး ဦးဖြူဝင်း(တမာသင်းခိုင်- စက်မှုလယ်ယာ)က ဖတ်ကြားပြီး နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းများအား ဘဏ္ဍာရေးမှူး ဦးတင်လှိုင်(တင်မိုးလှိုင်-ကညွတ်ကွင်း)က ဖတ်ကြား၍ တက်ရောက်လာကြသော အသင်းအဖွဲ့ဝင်များက လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ ဖြူးမြို့နယ် စာရေးဆရာအသင်းမှ အဖွဲ့ဝင်(၆)ဦးနှင့် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)