လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မူကြိုကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မူကြိုကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ





MNP ၊ ဇူလိုင် ၂၆      

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူကြိုကလေးငယ်များနှင့် အသက် (၅) နှစ်မှ အသက် (၁၈) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန  ဝန်ထမ်းများက  လှိုင်းဘွဲမြို့ပေါ်အနီး ကျေးရွာများမှ မူကြိုကလေးငယ်များနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တစ်ကြိမ်မှ ထိုးနှံခြင်း မရှိသေးသည့် ကလေးငယ်များအား ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်၊  ဒုတိယအကြိမ်ထိုးနှံပြီးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား    ထပ်ဆောင်းကာကွယ်ဆေး (Booster dose) တို့ကို ထိုးနှံ ပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။


လင်းသန့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)