ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး



MNP ၊ ဇူလိုင် ၂၉     

ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။


စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့လူငယ်များသည် နည်းပညာလမ်းကြောင်းပေါ်က အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်ပြီး စူးစမ်းချင်စိတ်၊ စွန့်စားလိုစိတ်၊ တီထွင်ကြံ ဆချင်စိတ်များပြားသူများဖြစ်သဖြင့် ခေတ်နှင့်အတူ အမြင်ကျယ်သူများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များအား မှန်ကန်သည့် အတွေးအခေါ်၊စိတ်ဓာတ်နှင့်စွမ်းအားများကို မြှင့်တင်ပေးရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရန်လည်းဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လူငယ်များအတွက် အခြေအနေကောင်းများ၊ မိတ်ဆွေကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြရန်နှင့် ယခုလို စကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူငယ်များ၏ ဉာဏအရင်းအမြစ်များကို ပြုစု ပျိုးထောင်ပေးခြင်းဖြစ်သကဲ့သို့ လူငယ်များအနေဖြင့်လည်း နည်းပညာကျွမ်းကျင်မှု၊ အတွေးအမြင် သစ်များဖြင့် အနာဂတ်ကိုလျှောက် လှမ်းပုံဖော်နိုင်ရေး စကားဝိုင်းတွင် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ၊ ကောင်းမွန်သည့် အတွေးအခေါ်များနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိ သည့် အပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ခြင်းဖြင့် ဉာဏ်ရည်နှင့်ပြည့်ဝသည့် အနာဂတ်လူကောင်း၊ လူမွန်များဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်ကြရေး ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးလှဌေးက စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြ သည်။


ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ မြစ်ကြီးနားတက္ကသိုလ် မြန်မာစာ ဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာစန္ဒာလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်တို့က ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူ လူငယ် နှင့် နည်းပညာ၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ရာသီဥတုပြောင်းလဲမှု၊ လူငယ်နှင့် အနာဂတ် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ က သိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပါမောက္ခချုပ်နှင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသည့် ပါမောက္ခဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ကျောင်းသား/ ကျောင်းသူများအတွက် လက်ဆောင်ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)