Pages

Pages

မာန်အောင်မြို့နယ်၌ မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ






MNP ၊   ဇူလိုင် ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာ သီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ မွန်းလွဲ၁ နာရီကမြို့နယ်ပြည်သူ့ဆေးရုံ ဝင်းအတွင်း၌ ကျင်း ပပြုလုပ်ခဲ့သည်။


        အဆိုပါ မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကိုမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူ များမှ သစ်ပင်သစ်တောများကို ပိုမိုချစ် ခင်မြတ်နိုးတန်းဖိုးထားတတ် လာစေရေး ရည်ရွယ်၍ မန်ဂျန်ရှား(၅၀)ပင်၊ ယူကလစ်(၅၀)ပင် စုစုပေါင်းအပင်(၁၀၀)အားမြို့နယ်သစ်တောဦးစီးဌာန၊တာဝန်ခံမှအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများအားပေးအပ်ကာတပျော်တပါးစိုက်ပျိုးခဲ့ကြသည်။


  အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပွဲတော်သို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများစုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment