ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဝင်ရောက်တိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တောင်သူများအား မျိုးစပါးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဝင်ရောက်တိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တောင်သူများအား မျိုးစပါးထောက်ပံ့




MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်အတွင်း အလွန်အားကောင်းခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့်  ပေါက်တောမြို့နယ်တွင် ဒေသခံတောင်သူများ၏ မြိုးစပါးထောက် ပ့ံပေးအပ် နိုင်မှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နဲ့ ဒေသခံ တောင်သူများ၏ ရင်တွင်း စကားသံများကို ယခုလို တွေ့ဆုံမေးမြန်ဖော်ပြလိုက်ပါတယ်-


ဦးအောင်သန်းဌေး 

မြို့နယ်ဦးစီးမှူး

စိုက်ပျိုးရေးဦးစီးဌာန၊ ပေါက်တောမြို့‌


ကျွန်တော်တို့ပေါက်တောမြို့နယ်အနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးစပါးစိုက်ပျိုးတဲ့တောင်သူတွေအတွက် ဧက ၄၅၀၀ တောင်းထားပါတယ်။အဲ့ဒါတွေကိုအကုန်လုံးတောင်သူ တစ်ယောက်မကျန်ဖြန့်ဝေနိုင်အောင် ကျွန်တော်တို့ဦးစီးဌာန၊ ရုံးချုပ်နှင့်ဆက်သွယ်ထားပြီးတော့ အခုတောင်သူတွေအကုန်လုံးကို ဖြန့်ဝေသွားဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။တစ်ချို့တောင်သူတွေကိုဆိုရင် မနေ့ကပင်စတင်ဖြန့် ဝေပေးနေပါပြီး။ ပေါက်တောမြို့နယ်အနေနဲ့တော့ မိုမျိုးစပါး  တင်း ၄၅၀၀ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာ ပထဝီအနေအထားအရ မျိုးစပါး(၂)မျိုးကို ရွေးချယ်ထားပါတယ်။ ပထမကတော့ အရည်အသွေးကောင်းဖြစ်တဲ့ ပေါ်ဆန်ယဉ်ရင်စပါးကို  တောင်သူနှင့်ကိုက်ညီတဲ့ နေရာဒေသနှင့်ရွေးချယ်ထားပါတယ်။ နောက်တစ်ခုကတော့ အထွက်ကောင်းစပါးမျိုးတွေကို ရေ၊ မြေဒေသနှင့်ကိုက်ညီတဲ့ နေရာဒေသတွေမှာ အဆင်ပြေအောင် ရွေးချယ်ထားပါတယ်။ ကိုက်ညီအောင်ဆောင်ရွက်ထားပါတယ်။  ဒီဒေသမှာလည်း ပေါ်ဆန်ရင်တွေကိုအဓိကစိုက်ပျိုးနေတဲ့အတွက် ကျွန်တော်တို့ဒေသနဲ့ ကိုက်ညီပါတယ်။ဒီနေ့မှာတော့ ကျေးရွာအုပ်စု ၇ အုပ်စုအတွက် တောင်သူ (၂၆၃) ဦးကို ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ပေါက်တောမြို့နယ်တွင်မိုးစပါးစိုက်ပျိုးတောင်သူကတော့ (၄၀၀၀)ကျော်ရှိပါတယ်။စိုက်ပျိုး ဧက ၁ သိန်းကျော်ရှိပါတယ်။ ပထမအနေနဲ့ မုန်ခါမုန်တိုင်းဝင်ရောက်တိုက်ခတ်တော့ မိုးစပါးတွေ သိုလှောင်ထားတာတွေ ပျက်စီးတာတွေကို ပြန်ပြီးတော့ အလွယ်တကူရရှိနိုင်တာပေါ့။ ဒုတိယတစ်ချက်အနေနဲ့တော့ အထွက်ကောင်းမျိုးစပါးမျိုးတွေကို ပေါက်တောမြို့နယ်မှာ ဖြန့်ဖြူးပေးတဲ့အတွက် တောင်သူတွေ မျိုးသစ်တွေရမယ်၊ ဈေးကွက်နှင့်ချိတ်ဆက်မီအောင်ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ အကျိုးအမြတ်တွေရမယ်၊ တတိယအကြိမ်အနေနဲ့ ဧက ၁၁၀၀ ကို ဖြန့်ဝေသွားမည်အစီအစဉ်တွေရှိပါတယ်။ အဓိကတော့တောင်သူတွေအနေနဲ့ ကိုယ့်ဒေသမှာကိုက်ညီတဲ့ မျိုးစပါးတွေကို စိုက်ပျိုးဖို့လိုပါတယ်။ ကိုယ်တို့ဆီမှာစိုက်နေတဲ့စပါးတွေကို ဈေးကွက်ရနိုင်တဲ့ သီးနှံတွေဖြစ်သလား၊ ဒေသမှာစားသုံးတဲ့ သီးနှံတွေဖြစ်သလား၊ ကျွန်တော်တို့စပါးမျိုးသစ်တွေ စိုက်လိုက်တော့ ဈေးကွက်နဲ့ကိုက်ညီမှုရှိအောင်တော့  တောင်သူတွေအနေနဲ့ သိရှိဖို့လိုတယ်၊သိရှိလိုတာများကို မြို့နယ်ဦးစီးမှူးအား မေးမြန်းနိုင်ပါတယ်။ စိုက်ပျိုးရာ၌တောင်သူတစ်ဦးချင်းအလိုက် သီးနှံထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက်ကွင်းတာဝန်ခံဝန်ထမ်းများက ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို မေးမြန်လို့ရပါတယ်။ ကျွန်တော်တို့ဒေသနှင့်ကိုက်ညီတဲ့ စပါးမျိုးကိုတော့ အဓိကစိုက်ပျိုးစေချင်ပါတယ်။


ဦးလှအောင်ဇံ

တောင်သူ

အဝကံကျေးရွာ၊ ပေါက်တောမြို့နယ်


မိုးစပါးစိုက်ဧက (၃၀၀)ကျော်ရှိပါတယ်။ ဒေသနဲ့ကိုက်ညီတဲ့ ပေါ်ဆန်ရင်မျိုးစပါးတွေကို စိုက်ပျိုးပါတယ်။ အခုလို့ တောင်သူဦးကြီးတွေကို နိုင်ငံတော်အစိုးရက အခုလို (မိုခါ)မုန်တိုင်းကြောင့် တောင်သူလယ်သမားတွေ အခက်အခဲဖြစ်နေတဲ့အချိန်မှာ မျိုးစပါးထောက်ပံ့ပေးတဲ့အတွက် အလွန်အလွန့်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တောင်သူတွကလည်း ယခုလိုအခက်အခဲဖြစ်နေတဲ့အချိန်မှာ ရတဲ့အတွက် အဆင်ပြေပါတယ်။


ဦးအောင်ကျော်မင်း

တောင်သူ

ကျောက်ဆိပ်ကျေးရွာ၊ နတ်တောင်ပြင်ကျေးရွာအုပ်စု၊ ပေါက်တောမြို့နယ်


မိုးစပါးစိုက်ဧက (၃၀)ကျော်ရှိပါတယ်။ အခုလို့ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လိုအပ်နေတဲ့မျိုး စပါးများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတဲ့ အစိုးရအဖွဲ့အစည်းအား အထူးပင်ကျေးဇူး တင်ရှိပါတယ်။ 


တွေ့ဆုံမေးမြန်း-တင်တင်စိန်၊ဝင်းမင်းစိုး၊ဓာတ်ပုံ-ကျော်သန်း


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)