တောင်ကုတ်မြို့နယ်၌ ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ ကတ္တီပါဖိနပ်နှင့်ဖိနပ်မျိုးစုံထုတ်လုပ်ရောင်းချနေမှုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ ကတ္တီပါဖိနပ်နှင့်ဖိနပ်မျိုးစုံထုတ်လုပ်ရောင်းချနေမှုကြည့်ရှုစစ်ဆေး








MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမ အသင်းမှ နန်းအိကတ္တီပါဖိနပ်နှင့် ဖိနပ်မျိုးစုံကို ဈေးနှုန်းသက်သာ စွာဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ရီ နှင့်ဝန်ထမ်းများကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ ထုတ်လုပ် သည့် နန်းအိကတ္တီပါ ဖိနပ်နှင့်နွေစီး ၊ မိုးစီး ဖိနပ်များအရည်အသွေးကောင်းမွန်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။


ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းသည် မြို့နယ်ရှိသမဝါယမအသင်းများ အနက်တစ်ခု တည်းသော ကုန်ထုတ် လုပ်သည့်အသင်း တစ်သင်းဖြစ်ပြီး ၎င်းအသင်းမှ ထုတ်လုပ် သည့် နန်းအိ ကတ္တီပါ ဖိနပ် နှင့်ဖိနပ်အမျိုးမျိုးကို သမဝါယမအသင်းစုများနှင့်ချိတ်ဆက်၍ ဖြန့်ဖြူး ရောင်းချခြင်းများ အပြင်ပြင်ပ ပုဂ္ဂလိက များထံသို့လည်း သက်သာသောဈေးနှုန်းဖြင့် လက်လီလက်ကား   ရောင်းချ ပေးလျက်ရှိ ကြောင်းနှင့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယနေ့အထိမ်းအမှတ်အဖြစ် ကျင်းပမည့်အရောင်းပြပွဲသို့လည်း ပြသရန် ပို့ဆောင်ထားကြောင်းသိရသည်။




တောင်ကုတ်မြို့နယ်တွင် သမဝါယမအသင်း(၆၈)သင်းရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်ဆောင်ရွက်နေသည့် အသင်း(၂)သင်းရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီ ထံမှ သိရသည်။


 https://t.me/MyanmarNationalPost











No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)